ကျောင်းကုန်း ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်မီမီစိုးနှင့် အဖွဲ့သည် ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ဆယ်အိမ်စုမှုးများနှင့် တွေ့ဆုံပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်မီမီစိုးက ဆယ်အိမ်စုမှုးများက လုပ်ငန်းတာဝန်များအကြောင်း၊ ကိုဗစ်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်ပြီး မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီးသို့ ချိတ်ဆက်၍ လုပ်ငန်းတာဝန်များ လုပ်ဆောင်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုအသင်းဥက္ကဌ ဒေါ်ယဉ်ယဉ်မြင့်က ဆယ်အိမ်စုမှုးလုပ်ငန်းများ လုပ်ဆောင်ထားရှိမှုအ ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ ဒေါ်မီမီစိုးက သုံးမွှာပူးကလေးမိခင် ဒေါ်ခင်စန်းမိုးအား ငွေကျပ် (၃)သိန်း ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ပုသိမ်ခရိုင် မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်က သုံးမွှာပူးကလေးမိခင် ဒေါ်ခင်စန်းမိုးအား ငွေကျပ်(၃)သောင်းနှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်ယဉ်ယဉ်မြင့်မှ ကလေးအသုံးအဆောင်နှင့် စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ် ခဲ့ကြသည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့မှ အမှတ်(၁)ရက်ကွက်နေ ဦးသောင်းရွှေ (၈၃)နှစ်၊ အမှတ်(၂)ရပ်ကွက်နေ ဒေါ်တင်တင်(၉၃)နှစ်နှင့် အမှတ်(၄)ရပ်ကွက်နေ ဒေါ်နေတင် (၈၄)နှစ်တို့အား အလှုငွေကျပ် (၅)သောင်းစီ၊ အဝတ်အစားနှင့် စားသောက်ဖွယ်ရာများ လှုဒါန်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်