သရက်ချောင်းမြို့နယ်ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

သရက်ချောင်း    ဇန်နဝါရီ    ၁၂


လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ၀န်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ဦးစီးမှူး ဦးမောင်မောင်လွင်နှင့်၀န်ထမ်းများက ယနေ့ နံနက်(၁၀)နာရီအချိန်က ရငဲကျေးရွာ အမကကျောင်း၌ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ် ဦးစီးအရာရှိ ဦးမောင်မောင်လွင်နှင့် ၀န်ထမ်းများက ရငဲကျေးရွာအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေပြည်သူများအား နိုင်ငံ သားကတ်ပြားများ အသက်(၁၀)ပြည့်၊ အသက်(၁၈)နှစ်ပြည့် ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ် ပြည့်လဲလှယ်ပေးခြင်းတို့အား ပြုလုပ်ပေးခဲ့ရာ အသက်(၁၀)နှစ်ပြည့်(၃၂)ဦး၊ အသက်(၁၈)နှစ် ပြည့်()ဦး၊ နိုင်ငံသားစိစစ်ရေးလဲလှယ်(၃၂)ဦး၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားမိတ္တူ(၃၃)ဦး၊ စုစုပေါင်း(၁၀၆)ဦးတို့အား ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ()ရက်နေ့မှစတင်ကာ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အေးနွယ်၀င်း