ကျွန်းစုမြို့နယ်တွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ကျွန်းစု ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနရှိ သန္ဓေတပ်ဖွဲ့ဝင်များ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့ နံနက်(၈) နာရီခွဲအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးက အဖွင့် အမှာစကား ပြောကြားခဲ့ပြီးနောက် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ရာ သက်ဆိုင်သူများကလက်ခံရယူခဲ့ပြီး သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ၏ကိုယ်စား မီးသတ်ဦးစီးဌာနမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထောက်ပံ့ရာတွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်က သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် (၇၀)ဦး၊ စုစုပေါင်း(၈၅)ဦးအတွက် (ရွှေဖီဦး) လဘက်ရည်ထုပ်၊ ခေါက်ဆွဲ ခြောက်၊ Mask၊ ကြက်ဥတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူ(ကျွန်းစု)