ဘောဂလိ ဇန်နဝါရီ ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ပရိတ်သတ်များ၊ ပြည်သူများအနေဖြင့် အသက်အရွယ် အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များ ရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ် ကျင်းပရာ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က စာရေးဆရာ ဦးသိန်းဆွေ ကျန်းမာရေးမှူး၏ ပြည်သူ့အတွက် ကျန်းမာရေးဗဟုသုတစာအုပ်ဖြင့် (Book Club)အဖွဲ့ဝင်များကို စာအုပ်ထဲတွင်ပါရှိသည့် ပညာပေးစာသားများ၊ အဖွဲ့ဝင်တစ်ဦးချင်းစီ အလိုက် အလှည့်ကျ တစ်ပုဒ်စီဖတ်ကြားပြီး စာအုပ်ထဲတွင်ပါရှိသော လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေးအလေ့အကျင့်များအကြောင်းကို မိမိတို့၏ ထင်မြင်ယူဆချက် များ တွေးခေါ်မှုများအား အပြန်အလှန် သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဘောဂလိ (ပြန်/ဆက်)