ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဒေးဒရဲ  ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်စည်ပင်သာယာရေးရုံးသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး​ရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တု စာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေးနိုင်​ရေး ဆောင်ရွက်ခဲ့ရာ စာကြည့်တိုက် အသင်းဝင် (၅)ဦးအား သုတ (၁၀)အုပ်၊ ရသ (၅)အုပ် ငှားရမ်းပေးနိုင်ခဲ့သည်။  အဆိုပါ မိုဘိုင်းစနစ်ဖြင့်  စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အေဇာလင်း