နတ်တလင်း ဇန်နဝါရီ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားမှုဖြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရေး လုပ်ငန်းအား နိုင်ငံတစ်ဝှမ်း ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
ထို့သို့ ဆောင်ရွက်ပေးလျှက်ရှိရာ၌ ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်ကြိမ်တစ်ခါမျှ ဆောင်ရွက်ရခြင်း မရှိသေးသူများအား ပြုလုပ်ပေးခြင်းနှင့် အိမ်ထောင်စုလူဦးရေဇယား ရေးသွင်းခြင်း လုပ်ငန်းများကို ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် မြို့နယ်အတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရန် ၇၄၇၃ဦး လျာထားရာမှ ယနေ့ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ၎င်းပန်းခင်းစီမံချက် လျာထားချက်များ ရာနှုန်းပြည့်အောင်မြင်ပြီးစီးပြီဖြစ်ကြောင်းလည်း အဆိုပါဌာနကသိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)