မင်းလှမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာနတ်ရှင်(ရွှေဂူ)၏ အနာဂတ်ကို မျှော်တွေးပါ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မင်းလှ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် Community Center ခန်းမတွင် ပြည်သူများအသိပညာ၊ ဗဟုသုတရရှိစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၁၁ရက် မွန်းလွဲ ၁ နာရီချိန်က အသိပညာပေး လုပ်ငန်းတစ်ရပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင်  မြို့နယ်စာရေးဆရာအသင်းဥက္ကဌ ဦးမျိုးမြင့်ကရေးဆရာ နတ်ရှင်(ရွှေဂူ)၏ အနာဂတ်ကိုမျှော်တွေးပါစာအုပ်မှ အနေခတ်တဲ့ညတစ်ည၊ မိသားစုပရဟိတ စသည့် အခန်းကဏ္ဍပါ အကြောင်းအရာများကို ဆွေးနွေးပြောကြားသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့  မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအောင်တို့ တက်ရောက်ခဲ့ကြပြီး  အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ကာ ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါက်စ မင်းလှ