ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ချိတ်ဆွဲပြသ

မင်းလှ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ် လဲလှယ်ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်ကို ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန်အတွက် အသိပညာပေး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပါဝင် ပတ်သက်သူတို့၏ တုံ့ပြန်ချက်၊ သက်ဆိုင်ရာ အလုပ်သမား ဥပဒေများတွင် အလုပ်လုပ်ရန် အနိမ့်ဆုံးရှိရမည့် အသက်ကို သတ်မှတ်ထားခြင်း၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ပြဌာန်းချက်များ၊ အလုပ်ရုံများဥပဒေ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ် ဖွယ်ရာများ၊ စသည့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။

ပေါက်စ မင်းလှ