သာယာဝတီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊း သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၉ နာရီက သာယာဝတီမြို့နယ် သစ်ရာကုန်းအုပ်စု ကွင်းကြီးကျေးရွာ၊ အ.မ.က(လွန်)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများအား ဦးစီးအရာရှိ နန်းအေးခိုင် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ခက်အား ရှင်းလင်းပြောကြားပြီး စာကြည့်တိုက်မှူး ဒေါ်နွယ်ဦးခင်က စာဖတ်စွမ်းရည် မြင့်မားလာစေရန် ရည်ရွယ်၍ ရုပ်ပုံပါစာအုပ်ဖြင့် ပုံပြင်ပြောပြပေးခြင်း၊ ဝန်ထမ်းများက ဗဟုသုတရရှိစေမည့် အသိပညာပးဝန်ဆောင်မူ လုပ်ငန်းများဆောင်ရွက်ပေးပြီး ကျောင်းသား ၊ကျောင်းသူလေးများ ပျော်ရွှင်မူရရှိစေရန် ကိုယ်လက်လှူပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် ပြသထားသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ ပြသထားသော စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှု မှတ်သားခဲ့ကြကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)