ဇီးကုန်းမြို့နယ်တွင် Phase-5 ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသောပြည်သူများအား  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Sinovac) ဒုတိယအကြိမ်ထိုးနှံပေး

ဇီးကုန်း ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် Phase-5 ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသော သာသနာ့နွယ်ဝင်များ၊ ပြည်သူများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) အား အမှတ်(၄)ရပ်ကွက် မြို့လယ်သံဓမ္မာရုံ၌ ယနေ့  နံနက် ၈ နာရီမှ စတင်ထိုးနှံပေးလျက်ရှိသည်။

ဇီးကုန်းမြို့နယ်တွင် ဦးတည်အုပ်စု(၂၄)အုပ်စု သတ်မှတ်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့တွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)အုပ်စုမှ ပထမအကြိမ် ထိုးနှံပြီးသော ပြည်သူ(၂၃၈၈)ဦးအား မြို့လယ်သံဓမ္မာရုံအတွင်း ဆေးထိုးနေရာ လေးခုခွဲ၍‌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက  လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)