ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက၊ မိဘပြည်သူများ အား ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်(Omicron)ရောဂါပိုးများကို သတိပြုအလေးနက်ထား ကြိုတင်ကာကွယ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်ပြီး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့်တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် ပါးစပ်နှင့် နှားခေါင်းစည်းတပ်ဆင်ကြရန်၊ ချောင်းဆိုးနှာချေလျင် တံတောင်ဆစ်ကွေးလက်နှင့်အုပ်၍ ချောင်းဆိုးခြင်း နေအိမ်ပြတင်းပေါက်များကိုဖွင့်ထားကြရန်၊ လက်ကို စက္ကန့်(၂၀)ကြာစနစ်တကျ ဆေး ကြောရန် တက်နိုင်သမျှ မိမိနေအိမ်မှာ နေထိုင်ကြရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မိမိကိုယ်မိမိ သံသယလက္ခဏာခံစားရလျှင် နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ဆက်သွယ်ပြီး ရောဂါပိုးရှိမရှိ ဆေးစစ်မှုခံယူကြရန် ကိုဗစ်-၁၉ရောဂါကူးစက်မှု ကွင်းဆက်ဖြတ်တောက်နိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံမှု များအား အကြိမ်ရေပြည့် မပျက်မကွက်ခံယူကြရန် စသည့် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး