အုတ်ဖို ဇန်နဝါရီ၁၂
စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့ နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်ရုံးရှိ လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အုတ်ဖိုမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ညွန့်ညွန့်စိန်က စာဖတ်ရှိန်မြှင်တင်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကိုစတင်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်သား၊ ကျောင်းသူ(၁၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အသီးသီးဆုချီးမြှင့်ပြီး အုတ်ဖိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပြိုင်ပွဲသို့ လာရောက်သူအားလုံးကို စာရေးကိရိယာများ လက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)