ဝါးခယ်မ ဇန်နဝါရီလ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး Talk Showကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ရီရီလွင်က မူးယစ်ဆေးဝါးသုံးစွဲ ရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြည်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သောဆေးဝါးများအန္တရာယ် တာဆီးကာကွယ်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ပြီး၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်စောသန္တာဦးက ကဗျာဆရာ မုံရွာဝင်းဖေရေးစပ်ခဲ့သော ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာကို ရွတ်ဆိုခဲ့သည်။ ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေး အတွက် ဝါးခယ်မမြို့ ပြည်သူ့စာကြည့်တိုက် page တွင် စာအုပ်မိတ်ဆက်ခြင်း၊ ကလေးများအတွက် ကဗျာရွတ်ဆိုခြင်း၊ ပုံပြင်ပြောပြခြင်းနှင့် အခြားဗဟုသုတရဖွယ် အစီအစဉ်များကိုလည်း Online မှတဆင့် နေ့စဉ် လွှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)