သရက်မြို့၌ ပြည်သူများ ကျန်းမာရေးအသိဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ လာရောက်ထိုးနှံလျက်ရှိရာ ( ၄၁၃၇၄ ) ဦး ဆေးထိုးနှံပြီးစီး

 

သရက်  ဇန်နဝါရီ  ၁၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများကျန်းမာရေးအသိဖြင့် လာရောက်ထိုးနှံနေကြ သဖြင့် ကျန်းမာရေးဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက ပြည်တော်အေးရပ်ကွက်ရှိ ဆင်ဖြူတော်ဘုရား ဓမ္မာရုံတွင်  ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုး လုပ်ငန်းများအား သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ဆရာတော် သံဃာတော်များနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန် ကာကွယ်ဆေး (၁၀၀၈၈)လုံး ရရှိခဲ့၍ ဆေးထိုးနှံပေးခြင်းများအား  နေ့စဉ် နံနက် ၉ နာရီမှ  ၁၂ နာရီနှင့် နေ့လည် ၁ နာရီမှ ညနေ ၃ နာရီအထိ  သတ်မှတ်စုရပ်များတွင် ခရိုင်နှင့်မြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်   တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ဆေးထိုးနှံရန် ကျန်ရှိနေသူများအား  ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ ဇန်နဝါရီ ၁၁ ရက်နေ့အထိ  လာရောက် ထိုးနှံသူ (၄၁၃၇၄) ဦးအား ဆေးထိုးနှံပြီး စီးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇော်ဝမ်းထွန်း(အောင်လံ)