အားကစား အသိပညာပေး ဟောပြောပွဲ၊ သရုပ်ပြပွဲနှင့်အားကစားပစွည်းများပေးအပ်ပွဲပြုလုပ်

သာပေါင်း  ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ သော်ကဆောင်ခန်းမတွင် ယမန်နေ့က အားကစား အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့်အားကစားပစ္စည်းများ ပေးအပ်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်အေးနိုင်ဦးမှ အဖွင့်အမှာ စကားပြောကြားပြီး ပုသိမ်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်အားကစားမှူးဦးသိန်းစံမှ အားကစားနှင့်ကာယပညာဦးစီးဌာန ၏ လုပ်ငန်းစဉ်များ၊ မသန်စွမ်းအားကစားသများကို ချိတ်ဆက်ခေါ်ယူလေ့ကျင့်ပျိုးထောင်နေမှု နှင့်အားကစား သိပ္ပံဖွင့်လှစ်ထားရှိပြီး မျိုးဆက်သစ် အားကစားသမားများအား စနစ်တကျလေ့ကျင့်ပျိုးထောင်‌နေမှုများ၊ အားကစား သိပ္ပံ တတ်ရောက်နိုင်ရေး ‌ဆောင်ရွက်ပေးနေမှုများအား တတ်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ များအားကစား အသိပညာပေးဟောပြောပြီး အားကစားပစ္စည်းပေအပ်ခဲ့သည်။   ထို့နောက် အက မယ်လေးများအဖွဲ့ မှ Myanmar Fitness Dance အကဖြင့်တင်ဆက်ကပြကြသည်။

မျိုးဇော်သိန်း  ၊ သာပေါင်း ပြန်/ဆက်