မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မြဝတီ  ဇန်နဝါရီ  ၁၁

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နေ့လည် ၁၁ နာရီအချိန်က  စာရေးဆရာအောင်သင်း၏ “လူငယ်တွေ အတွက် လူကြီးတွေရဲ့ပန္နက်နှင့် ဘဝအဓိဌာန်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (တာဝန်ပေး) ဒေါ်‌အေးအေးသီက စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးနှင့် စာပေဖတ်ရှုသည့် အလေ့အထကောင်း ရရှိစေရန် စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်း၊ ကရင်ပြည်နယ်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက လူငယ်များ မိမိတို့စိတ်ဝင်စားရာ ဘာသာရပ်ကို စာဖတ်ခြင်း၊ ကျွမ်းကျင်သူများထံ ချဉ်းကပ်ဆည်းပူးခြင်းအားဖြင့် လေ့လာသင်ယူရမည်ဖြစ်ကြောင်း၊ အင်္ဂလိပ် ဘာသာစာ‌ပေနှင့် မြန်မာဘာသာစာပေ ကွာခြားပုံများအ‌ကြောင်းကို” ဖတ်ကြားဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်း၏ “လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်နှင့် ဘဝအဓိဌာန်” စာအုပ်ပါတွင်ပါရှိသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)