ကော့သောင်းမြို့အခြေခံပညာကျောင်းများသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

ကော့သောင်း ဇန်နဝါရီ ၁၁

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ရွေမင်းဝံ၊ အလက(၂)၊ အခြေခံပညာအထက်တန်း ကျောင်းခွဲသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်အကြံပြုချက်များနှင့်အညီ အသက်(၁၀)ပြည့်ပြီးမိသားစု ဝင်များ၊ နှင့်အသက်(၁၈)နှစ် ပြည့်ပြီးသူများ ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသားကတ်ပြား ပျောက်ဆုံးပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ရန်ကျန်ရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈) လကြာ အချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ဆောင်ရွက်မှုအဖြစ် ကော့သောင်းမြို့၊ ရွေမင်းဝံ၊အလက(၂)၊ အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းသား/သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြခြင်းဖြစ်ကြောင်း သိရသည်။

 ကျော်စိုး (ကော့သောင်း)