ပိုင်ကျုံ ဇန်နဝါရီ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ နောင်ဘိုကြီးကျေးရွာအုပ်စုနှင့် ရွာကိုင်းကောင်း ကျေးရွာအုပ်စုအတွင်းရှိ သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလ ပတ် (အောက်တိုဘာ၊ နိုဝင်ဘာနှင့်ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
အဆိုပါထောက်ပံ့ငွေများပေးအပ်ရာတွင် နောင်ဘိုကြီးကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား(၁၄)ဦးနှင့် ရွာကိုင်းကောင်းကျေးရွာအုပ်စုမှ သက်ကြီးဘိုးဘွား(၁၃)ဦး စုစုပေါင်း(၂၇)ဦးတို့အား တစ်ဦးလျှင် (၃၀၀၀ဝိ/-)နှုန်းဖြင့် စုစုပေါင်း ကျပ်ငွေ(၈၁၀၀၀ဝိ/-)တိတိကို သက်ဆိုင်ရာ ကျေးရွာမှ တာဝန်ရှိသူများက လူမှုရေးပင်စင်ခံစားခွင့်ရှိသူ အဘိုးအဘွားများထံ လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၇)အုပ်စုတို့တွင် လူမှုရေးပင်စင်ခံစားခွင့်ရှိသော အသက်(၈၅)နှစ်အထက် အဘိုး(၁၂၆)ဦး၊ အဘွား (၂၁၅)ဦး၊ စုစုပေါင်း (၃၄၁)ဦးရှိပြီး လက်ဝယ်ရောက် ရရှိရေးအတွက် ကျေးရွာရှိတာဝန်ရှိသူများက လိုက်လံပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပိုင်ကျုံ(ပြန်/ဆက်)