ကျိုက်ဒုံ ဇန်နဝါရီ ၁၁ ရက်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ ရက် နံနက် ၁၀ နာရီက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျိုက်ဒုံမြို့ဦးစီးမှူး ဦးကျော်လင်းနိုင်မှ စာပေလေ့လာဖတ်ရှု့ခြင်းဖြင့် စာပေမှရရှိသည့် အကျိုးကျေးဇူများနှင့် ပြင်ပမှရရှိသည့် အသိပညာဗဟုသုတများ ပေါင်းစပ်ပြီး အတွေးသစ်၊ အမြင်သစ်များရရှိလာစေရန်၊ စာဖတ်သူများအချင်းချင်း ချစ်ခင် ရင်းနှီးမှုများ ရရှိလာစေရန်အတွက်ရည်ရွယ်ချက်ဖြင့် စာဖတ်ဝိုင်းကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် ကျိုက်ဒုံမြို့(ပြန်/ဆက်ဦးစီးမှူးမှ စာရေးဆရာ ဖေမြင့် ရေးသားထားသော'' ပြောတက် ဆိုတက် ပေါင်းသင်းတက်တဲ့သူ'' စာအုပ်ဖြင့် ဦးဆောင် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များက မိမိတို့ကြိုက်နှစ်သက်သည့်ခေါင်းစဉ် များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းနိုင်