ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါအသိပညာပေးနှိုးဆော်

ထန်းတပင်(ပဲခူး)     ဇန်နဝါရီ  ၁၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး များကို သတိပြုကာ မိမိကစ၍ကာကွယ်ပါ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်း အင်ယားကြီးကျေးရွာရှိ လူစည်ကားရာနေရာများသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ ဆက်လက် ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့်အုပ်၍ ဆိုးပါ၊ပြတင်းတံခါးများ ဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာဆေးကြောပါ၊ တတ်နိုင်သမျှ မိမိနေအိမ်တွင် နေထိုင်ပါ၊ မဖြစ်မနေအိမ်ပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါစသည့် အချက်များကို ပြည်သူများအားလုံး ဆက်လက်လိုက်နာပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။