လှိုင်းဘွဲ ဇန်နဝါရီလ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြည်သူများအနေဖြင့် အသိပညာ ဗဟုသုတများ အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေး နံရံကပ်စာ စောင်များကို ပြသဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ကလေးအလုပ်သမားဟူသည် အဘယ်နည်း၊ အဓိပ္ပာယ်ဖွင့် ဆိုချက်၊ ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက် ရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအစီအစဉ်တွင် သက်ဆိုင်သူအားလုံးမှ ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး၊ ပညာရေးပြုပြင်ပြောင်းလဲခြင်း၊ ပါဝင် ပတ်သက်သူတို့၏ တုံ့ပြန်ချက်၊ သက်ဆိုင်ရာ အလုပ်သမား ဥပဒေများတွင် အလုပ်လုပ်ရန် အနိမ့်ဆုံးရှိရမည့်အသက်ကို သတ်မှတ်ထားခြင်း၊ အပြည်ပြည်ဆိုင်ရာ ပြဌာန်းချက်များ၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကုလသမဂ္ဂပြဌာန်းချက်များ၊ အလုပ်ရုံများဥပဒေ၊ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာသိမှတ် ဖွယ်ရာများ၊ စသည့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးနှင့် ပတ်သက်သည့်အကြောင်းအရာများကို ပြသဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)