ဝါးခယ်မ ဇန်နဝါရီ ၁၁
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဇန်နဝါရီ ၁၀ ရက်နေ့ နံနက်(၈)နာရီက သပြေချောင်း၊ အလမန်းနှင့်ဦးပိတ္တုပ် ကျေးရွာအုပ်စုရှိပြည်သူများအားအိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးနိုင်ရေး ကျေးရွာများ အရောက်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၏ဦးဆောင်မှုဖြင့်ဝန်ထမ်းများက အဖွဲ့များခွဲကာ သပြေချောင်း၊အလမန်း နှင့်ဦးပိတ္တုပ်ကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် အသက် (၁၀) နှစ်ပြည့် (၂၄)ဦး၊ အသက် (၁၈)နှစ်ပြည့် (၄၆) ဦး၊ လဲလှယ်(၂၇)ဦး၊ မိတ္တူ(၂၀)ဦး၊ စုစုပေါင်း (၁၁၇)ဦးနှင့် ပြောင်းရွှေ့ အိမ်ထောင်စု(၄၂၆)စုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
စောသန္တာဦး