ကျောက်တံခါးမြို့နယ် Community Center ခန်းမ၌ စာရေးဆရာအောင်သင်းရေးသားသည့် "တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်းနှင့်ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျောက်တံခါး ဇန်နဝါရီ ၁၁

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ "တိုးတက်ခြင်း၊ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

 စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်အေးအေးသင်းက စာရေးဆရာချစ်ဦးညို၏အမှာစာ"ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။

ဆက်လက်ပြီး တက်ရောက်လာသူများက“အမေးအဖြေဆွေးနွေးမှုများ" ခေါင်းစဉ်အမေး၊ အဖြေ အကြောင်းအရာများအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စန်းစန်း(ပြန်/ဆက်)