ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက်၊ (၃)လမ်းပေါ်ရှိ ပိုင်ကျုံ RHC မှ ပိုင်ကျုံ ခရစ်ယာန်ဘုရားကျောင်းသို့ ဆက်သွယ်ထားသော လမ်းအားဆက်၍ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

ပိုင်ကျုံ  ဇန်နဝါရီ  ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး ကုန်စည် စီးဆင်းမှု မြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ပြေစေ ရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့‌ မြို့ပေါ် ရပ်ကွက်များ နှင့် ကျေးရွာများတွင် ဒေသဖွံ့ဖြိုး‌ရေးလုပ်ငန်းများ‌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့ အမှတ်(၂) ရပ်ကွက်၊ (၃)လမ်းပေါ်ရှိ ပိုင်ကျုံ RHCမှ ပိုင်ကျုံ ခရစ်ယာန်ဘုရားကျောင်းသို့ ဆက်သွယ်ထားသော လမ်းအားဆက်၍ ကကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်ကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါလမ်းသည် (၅၀၀‌ပေx၁၄‌ပေx၆လက်မ) ရှိပြီး ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာ‌ရေးနှစ် (ပထမအကြိမ်) ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင်ဆင်းရဲမှုလျှောချ‌ရေး ရန်ပုံငွေ(၄.၉)သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ လုပ်ငန်းဆောင်ရွက်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်ကျေးရွာတာဝန်ရှိသူတို့မှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယင်းလုပ်ငန်းများ ပြီးစီးပါက‌ ဒေသနေပြည်သူများ၏ လူနေမှုဘဝနှင့်သွား‌ရေးလာ‌ရေး အတွက်အဆင်‌ပြေ လွယ်ကူ‌လာ မည်ဖြစ်ကြောင်း သိရှိရပါသည်။

ပိုင်ကျုံ (ပြန်/ဆက်)