ဒိုက်ဦး ဇန်နဝါရီ ၁၁
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းကို မီးသတ် ဦးစီးဌာနနှင့် ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော မြို့အဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံ လမ်းခွများ၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ် - ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက်များအား လိုက်နာရန်၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင် နေထိုင်ရန်၊ နေအိမ် ပြင်ပသို့ထွက်ပါက ပါးစပ်နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း သွားလာခြင်းကို ရှောင်ကြရန် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး (၆) ပေကွာ၍ နေထိုင်ရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စက္ကန့်(၂၀) ကြာအောင်စနစ်တကျ ဆေးရန်စသည့်အချက်များအား ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)