မြန်အောင်၌ ဧရာဝတီမြစ်အတွင်းရှိ ရေလယ်ကျွန်းကျေးရွာများတွင် ကိုဗစ်ကာကွယ်ဆေး သွားရောက်ထိုးနှံပေးလျက်ရှိ

မြန်အောင်  ဇန်နဝါရီ  ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်(၁၀)နေရာတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်က ဧရာဝတီမြစ်အတွင်းရှိ အမှတ်(၃)ရပ်ကွက် ရေလယ်ကျွန်းကျေးရွာတွင် ကာကွယ်ဆေးသွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်များတွင်ကိုဗစ်- ၁၉ ကာကွယ်ဆေး (Phase -4၊ Phase -5) ဒုတိယအကြိမ်နှင့်(Phase -6)ပထမအကြိမ် ထိုးနှံ‌ ပေးလျက်ရှိ‌ပြီး ဧရာဝတီမြစ်တစ်ဘက်ကမ်းရှိ ရေလယ်ကျွန်းကျေးရွာများမှ သက်ကြီးရွယ်အိုများ၊သွားလာရခက်ခဲသူများ၊ ဒေသခံများ အဆင်ပြေစေရန် တာဝန်ရှိသူများက ကျေးရွာအရောက် သွားရောက်၍ကာကွယ် ဆေးထိုးပေးခြင်းဖြစ်ကြောင်းသိရသည်။

ကိုဗစ်ကာကွယ်ဆေးမထိုးမီ သွေးပေါင်ချိန်ပေးခြင်းကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များကဆောင်ရွက်‌ပေး ခြင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆေးထိုးပြီးကြောင်းလက်မှတ်များ စနစ်တကျထုတ်ပေးခြင်းနှင့်စာရင်း‌ရေးသွင်းခြင်းများဆောင်ရွက် ၍ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ‌ ကြောင်းသိရသည်။ 

ဝင်းဗိုလ်