မော်လမြိုင်ကျွန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့် မှ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၀ ရက်နေ့၊ နေ့လည် နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာအစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်သည်။

အခမ်းအနားတွင် လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသောဌာနဆိုင်ရာတာဝန်ရှိသူများမှ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ လုပ်ငန်းအခက်အခဲရှိပါကတင်ပြရန်ရှင်းလင်းဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အောင်မြင်စွာဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်အောင်