ပုလော ဇန်နဝါရီ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေး Talk Show ကို ယမန်နေ့ ညနေ(၃)နာရီက Community Centre တွင် ကျင်းပခဲ့သည်။
အဆိုပါ TalkShow တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်အေးအေးမော်က ပွင့်လင်းသော နွေရာသီသို့ ရောက်ရှိ လာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်၊ ဖြစ်ပွားပြီးပါက လိုက်နာဆောင်ရွက်ရမည့် ရှောင်ရန်/ဆောင်ရန်များကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့သည်။
ယင်းနောက် ပုလောမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ထိုက်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်တာ၀န်များ၊ မီးဘေး အန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေ၊ မီးဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်သတိပေး ဆောင်ရွက်ချက်များကို အသေးစိတ် ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
အေးအေးမော် (ပုလော)