ကဝမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကဝ  ဇန်နဝါရီ   ၁၀

  ပဲခူးတိုင်းဒေသကြီး၊     ပဲခူးခရိုင်၊   ကဝမြို့နယ်အတွင်းရှိ     အသက်(၁၂)နှစ်နှင့်အထက်  ကျောင်းသား/ ကျောင်းသူများအား  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  မထိုးနှံရသေးသူများအား ပထမအကြိမ်နှင့် ပထမအကြိမ်ထိုးနှံပြီးသူများကို ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက   အခြေခံပညာအထက်တန်းကျောင်း(ကဝ) ဆရာကျော့ခန်းမတွင် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ကျောင်းသား/ကျောင်းသူများအားမှတ်တမ်းများရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာ ခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေးကောင်းမွန်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံခြင်း ကို  ကျန်းမာရေးဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရာတွင်    ကဝမြို့နယ်   ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏   ကြီးကြပ်မှုဖြင့်    သက်ဆိုငရာ အခြေခံပညာကျောင်းများမှ ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊  ကာကွယ်ဆေး လာရောက် ထိုးနှံကြသော ကျောင်းသား/ကျောင်းသူများနှင့် အုပ်ထိန်းသူမိဘများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ပေးပြီး ဆေးထိုးရန် ကျန်ရှိနေသေးသော ကျောင်းသား/ကျောင်းသူများကိုလည်း  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။