ဒိုက်ဦး ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်ကြက်ခြေနီအသင်းမှ MaskCampaign ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းက စတင်၍ လူစည်ကားရာနေရာဖြစ်သော ဒိုက်ဦးမြို့မစျေးကြီးရှေ့၌ စျေးရောင်းချ သူများ၊ စျေးဝယ်စျေးပြန်သူများအား နှာခေါင်းစည်း Mask အခု(၅၀၀)အား ပြည်သူများကို အခမဲ့ဝေငှပေးခဲ့သည်။
ယခုအခါတွင် နိုင်ငံတော်အစိုးရမှ Home Stay ဖြေလျော့လိုက်ပြီဖြစ်သော်လည်း မြို့နယ်အတွင်း တုပ်ကွေးရောဂါဖြင့် ဖျားနာနေသူများတွေ့ရှိနေရခြင်း၊ စတုတ္တလှိုင်းမျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင် ကာကွယ်သည့်အနေဖြင့် နှာခေါင်းစည်း Mask အား တပ်သင့်ပါကြောင်း မြို့နယ်တပ်ဖွဲ့မှူး ဦးအောင်စိုးမှ ပြောကြားခဲ့သည်။
အဆိုပါဝေငှခြင်းအား ဒိုက်ဦးမြို့နယ်ကြက်ခြေနီအသင်းသူနာပြု တပ်ဖွဲ့မြို့နယ် တပ်ဖွဲ့မှူး၊ ဒုတပ်ဖွဲ့မှူး ဦးအေးချိုနှင့်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။