ကဝမြို့နယ်ကျေးရွာများအတွင်း ကိုဗစ်-၁၉ ဗီဇ‌ပြောင်း အိုမီခရွန် ရောဂါ ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်

ကဝ  ဇန်နဝါရီ   ၁၀

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ကဝမြို့နယ် ဇွဲဘာကျေးရွာနှင့်ကမာကွေကျေးရွာများအတွင်း  ကိုဗစ်-၁၉  ဗီဇပြောင်းအိုမီခရွန်ရောဂါ  ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို  ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျှက်ရှိရာ   ယနေ့ နံနက်ပိုင်းက ဇွဲဘာကျေးရွာနှင့်  ကမာ​ကွေကျေးရွာအတွင်းရှိ   လမ်းဆုံလမ်းခွနေရာများတွင်   မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ   ဝန်ထမ်းများက    အသံချဲ့စက်ဖြင့်     လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေး နှိုးဆော်ရာတွင်  လက်ရှိအခြေအနေ၌  ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း    အိုမီခရွန်ရောဂါသည် အလွန်ပြင်းထန်ပြီး   မျိုးရိုးဗီဇပြောင်းလဲမှု  အများဆုံးနှင့်စိုးရိမ်ရသည့်  မျိုးကွဲသစ်ဖြစ်သည့်အတွက် ကဝမြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန်ရောဂါ    ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့်  အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်အတွင်းမှာသာနေထိုင်ကြပါရန်၊ လူစုလူဝေးကို ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရပါကနှာခေါင်းစည်း Maskတပ်ဆင် သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့်အနည်းဆုံး ၆ပေအကွာမှ ခပ်ခွာခွာ နေကြပါရန်၊Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ၊  စကားပြောဆိုခြင်းများ ‌ရှောင်ကြဉ်ကြပါရန် ၊ပစ္စည်းတစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်၂၀ ကြာ အောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ    ပါးစပ်နှာခေါင်းနှင့် မျက်စေ့တို့ကို      ပွတ်သပ် ကိုင်တွယ်ခြင်း ၊  ထိတွေ့ခြင်းများ  မပြုလုပ်ရန်၊   လေဝင်လေထွက် မကောင်းသော အခန်းများကို ရှောင်ပါ၊ မိမိတို့၏  နေအိမ်များကို  ပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ကြပါရန်စသည့် လိုက်နာရမည့်အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့်  ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်   အသံချဲ့စက်ဖြင့်  လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်းသိရသည်။