မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

မအူပင် ဇန်နဝါရီလ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်တင်သူဇာလှိုင်က ပြည်သူများအား စားသုံးကာကွယ်ရေးဥပဒေဆိုင်ရာ အသိပညာပေး Talk Show ကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယခရိုင်မှူး ဦးအောင်ဇော်ဦးက ပြည်သူများအားဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက် များနှင့် စားသုံးသူပြည်သူများနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ ဌာနအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ပြည်သူများသိရှိစေရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)