ပေါင်းတည်မြို့၌ ကိုဗစ်-၁၉မျိုးရိုးဗီဇ မျိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးမှုအရှိန်အဟုန်မြှင့်ဆောင်ရွက် ပေါင်းတည် ဇန်နဝါရီ ၁၀ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှု လျော့နည်း ကျဆင်

ပေါင်းတည်  ဇန်နဝါရီ  ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်မှု လျော့နည်း ကျဆင်းနေသော်လည်း အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန် (Omicron)အပါအဝင် ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုကို ယနေ့နံနက်၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများကမင်းကွက် (၃) ရပ်ကွက်အတွင်း လိုက်လံအသိပညာပေး​နှိုးဆော်ကြောင်း သိရသည်။

မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇ မျိုးဗီဇပြောင်းအိုမီခရွန် (Omicron)ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံကြရန်၊ နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Maskကိုစနစ်တကျ တပ်ဆင်ရန်၊ Maskမတပ် သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ရန်၊လက်ကိုမကြာခဏဆေးကြောရန်၊ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်စသည့်အချက်များကို အသိပေး နှိုးဆော် ကြောင်း သိရသည်။

အေးအေးဆင့်