ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာအုပ်စု ကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး

ပွင့်ဖြူ      ဇန်နဝါရီ       ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာ အုပ်စုကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားအခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးက မြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ပြည်သူ့ ဝန်ဆောင်မှု လုပ်ငန်းပြုလုပ် ဆောင်ရွက်ပေးနေမှုများနှင့် မပျောက်ပျက်အောင် ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက  ကျောင်းတော်ရာအုပ်စု ကျေးရွာရှိ   နိုင်ငံသားစိစစ်ရေး ကတ်ပြား လာရောက်ပြုလုပ်သည့် အသက် ၁၀ နှစ်ပြည့် (က)- ဦး၊ အသက် ၁၈ နှစ်ပြည့်၆(က) ၃၉ ဦး၊ လဲလှယ်(၂၈)ဦး၊ ပျောက်ပျက်မိတ္တူ(၃၉)ဦး စုစုပေါင်း ဒေသခံပြည်သူ(၁၁၂)ဦးနှင့် အိမ်ထောင်စုနိုင်ငံသား ကွက်လပ်ဖြည့်(၃၅)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြား လက်ဝယ်ကိုင်ဆောင် ခွင့်ရရှိစေရေး အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ပြုလုပ် ဆောင်ရွက်ပေး ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း အခမဲ့ ဝန်ဆောင်ပေးခြင်းကို ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် နေ့စဉ် ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရကာ ကျန်ရှိသည့် ဒေသခံ ပြည်သူများကိုလည်း စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။

ခင်ဝါဝါလှိုင်( ပြန်/ဆက် )