ဘိုကလေး ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် ယနေ့နံနက်(၁၀)နာရီ၌ စာပေဝါသနာရှင်၊ စာပေချစ်သူများနှင့် ပူးပေါင်းကာ စာဖတ်ပရိတ်သတ်များ တိုးပွားလာစေရေးနှင့် မြန်မာစာပေ လောက တိုးတက်ပြန့်ပွားစေရေးတို့ကို ရည်ရွယ်ကာ စာရေးဆရာ သျှိုင်းရဲဝံ့ရေးသားသည့် “သက္ကရာဇ်များကို ပွေ့ဖက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်သည်။
စာဖတ်ဝိုင်းကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးတင်ရွှေမှ စာဖတ်ဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက် များပြောကြားဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းအား တက်ရောက်ဆွေးနွေးကြသည့် စာပေဝါသနာရှင်များမှ စာအုပ်တွင် အဓိကထား ရေးသားထားသည့် ထိုင်း-မြန်မာ-တရုတ် နယ်စပ် ရွှေတြိဂံနယ်မြေ၊ မိုင်းယောင်းလွင်ပြင် နယ်စပ်မြို့လေးတွင် နေထိုင်ကြသည့် ရှမ်း၊ လားဟူ၊ အာခါ၊ လွယ်လ ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝများနှင့် ရိုးရာဓလေ့ထုံးစံများအား အကျယ်တဝင့် ဖတ်ရှုဆွေးနွေးခဲ့ကြကြောင်းသိရသည်။
မိုးစက်(ဘိုကလေး)