သရက်ချောင်း ဇန်နဝါရီ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီက လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့သည်။
အဆိုပါ (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်ကို ရှင်းလင်းပြော ကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်နိုင်လွင်က မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ရည်းမှန်းချက်တာ၀န်များ၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် လက်ရှိဆောင်ရွက်နေမှုအခြေအနေ၊ မီးဘေးအန္တရာယ်မဖြစ်အောင် ကြိုတင်သတိပေးဆောင် ရွက်ချက်များကို အသေးစိတ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးနွယ်ဝင်း