ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

ငါးသိုင်းချောင်း   ဇန်နဝါရီ   ၁၀  

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အမျိုးသားခန်းမ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးစုရပ်၌ ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများသို့ ဦးစားပေးဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမအကြိမ်) ဆက်လက်ထိုးနှံ ဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့နှင့်ရှေ့ပိုင်း (ဒုတိယအကြိမ်)ကာကွယ်ဆေး ထိုးနှံရန် သတ်မှတ်ရက်ပြည့်သူများကိုလည်း တစ်ပြိုင်တည်း ထိုးနှံဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း သက်သေခံလက်မှတ်များကိုလည်း ထုတ်ပေးလျက် ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာ၌ သက်ဆိုင်ရာမြို့အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက ကာကွယ် ဆေးထိုးနှံရ ၌ အဆင်ပြေချောမွေ့‌စေရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ အဆိုပါ ဆေးထိုးစုရပ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးစီးသူ (၉၃၁၂ ) ဦးရှိပြီဖြစ်ကြောင်းသိရှိရသည်။

စိုးမင်းဦး

မြို့ (ပြန်/ဆက်)