ရွှေသောင်ယံမြို့ အ-မ-က(၁၁၂)ခရင်ချောင်းကျောင်းတွင် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် ပုံတူပန်းချီ ပြိုင်ပွဲများအား ကွင်းဆင်းကျင်းပ

ရွှေသောင်ယံ   ဇန်နဝါရီ    ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊အ-မ-က(၁၁၂ )ခရင်ချောင်းကျောင်းတွင် ယနေ့နံနက် (၁၀)နာရီက နံရံကပ်စာစောင်ပြ ပွဲ၊စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပုံတူပန်းချီပြိုင်ပွဲများကို ရွှေသောင်ယံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့် ကွင်းဆင်း၍ ကျင်းပပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဦးစီးမှူး ဒေါ်ခင်ဝေဝေမြင့်က ကလေးများအား စာပေ၊ ဗဟုသုတပြည့်စုံစေရန်အတွက် စာဖတ်ခြင်းဖြင့်ရရှိသော အကျိုးကျေးဇူးများအား ဟောပြောပေးရာ ကလေးများမှ သူတို့၏ဗဟုသုတ အမြင်များကိုလည်း ပြန်လည်ပြောကြားခဲ့ကြသည်။ ထို့နောက် နံရံကပ် စာစောင်ပြပွဲတွင် မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှပြသပေးရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများမှ ကြည့်ရှု လေ့လာခဲ့ကြသည်။ ဆက်လက်၍ ပုံတူပန်းချီပြိုင်ပွဲ အစီအစဉ်တွင် (Grade-2) နှင့်(Grade-3)မှ ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင် ကြခဲ့ပြီးပထမဆု၊ ဒုတိယ၊ တတိယဆုများအား ပြန်/ဆက်ဦးစီးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ကျောင်းသား၊ ကျောင်းသူများထံ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမောင်

ရွှေသောင်ယံ(ပြန်/ဆက်)