ဖောင်းပြင်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ဖောင်းပြင် ဇန်နဝါရီ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် အန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဆိုင်ရာ အသိပညာပေး Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က ဌာနအနေဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အသိပညာပေး Talk Show ဆောင်ရွက်ရသည့် ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်နိုင်မိုးက ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း နှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားကာ ယာဉ်မတော်တဆ ဖြစ်ပွားရသည့် အကြောင်းအရင်း များကိုလည်းကောင်း၊ ခြေလျင်လျှောက်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် သိထားသင့်သည့် အချက်များကို လည်းကောင်း ဥပမာများဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။

ကိုထွန်း