ခါမ်းပါတ် ဇန်နဝါရီ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရ သည်။
ယနေ့ တတိယမြောက်နေ့အဖြစ် ခါမ်းပါတ်မြို့ အမှတ်(၂)ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ(၆၄)ဦးတို့ကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရ သည်။ ထိုသို့ထိုးနှံရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျောင်းအလိုက် ဆရာ၊ ဆရာမများမှ လိုက်ပါကူညီ ဆောင်ရွက် ပေးခဲ့ကြကြောင်းလည်း သိရသည်။ တမူးခရိုင်အတွင်းရှိ တမူးမြို့၊ ခါမ်းပါတ်မြို့နှင့် မြို့သစ်မြို့ များမှ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၃၆၉၉)ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိပြီး ပထမအကြိမ် ထိုးနှံပြီးသူ (၂၉၅၁) ဦးရှိပြီး နှစ်ကြိမ်ပြည့် ထိုးနှံပြီးသူပေါင်း (၁၆၆၀)ဦးရှိပြီးဖြစ်ကြောင်းလည်း တာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။
သားငယ်(ခါမ်းပါတ်)