မိုးညို ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ပြည်သူများ လှုပ်ရှားသွားလာရာတွင် Mask တပ်ဆင် သွားလာနိုင်ရေးအတွက် ယမန်နေ့ နံနက် ၇ နာရီက ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ နှာခေါင်းစည် (Mask) များ ဖြန့်ဝေးပေးခဲ့သည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုး ကြောင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင် သွားလာရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များက မိုးညိုမြို့အတွင်း လူအသွား အလာများသည့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာစျေးအတွင်းနှင့် စျေးပတ် လည်ရှိ လမ်းဆုံများတွင် Mask ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)