မုံရွာ ဇန်နဝါရီ ၈
မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး ထွန်းထွန်းဝင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သောင်းညွန့်၊ တပ်မတော်သား ကိုယ်စားလှယ် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်၊ ခရိုင်လဝက ဦးစီးမှူး ဦးသန်းဇော်ထွန်းတို့ လိုက်ပါလျက် ချောင်းဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် မှာကြားချက်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဌာနအကြီးအကဲများ၏ လမ်းညွှန်မှာကြားချက်များကို ချပြရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက် ချောင်းဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးကျော်က မြို့နယ်အတွင်း နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိမိဌာနအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ထိန်လင်း(ပြန်/ဆက်)