ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ဝါးခယ်မ   ဇန်နဝါရီ   ၇

ဧရာဝတီဝတိုင်း‌ဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူများနှင့် (ဒုတိယအကြိမ်) ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက် () နာရီက‌ ရွှေခယ်သီရိအားကစားခန်းမတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေး မထိုးနှံရသေးသော (၅၀၀)ဦးနှင့် (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသူပြည်သူ (၂၈၂)ဦး တို့အား ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းတာခြင်း ကိုယ်အပူချိန်များ စစ်‌ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အသင်းအဖွဲ့များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဆေး‌ထိုးရန်ကျန်ရှိနေသော ပြည်သူများအား ဦးစား‌ပေးအုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)