ဆင်ပေါင်ဝဲမြို့နယ်၌ မြေသားလမ်းချဲ့၍ မြေနီကျောက်စရစ်လမ်းခင်းမည့်နေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 

ဆင်ပေါင်ဝဲ  ဇန်နဝါရီ  ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇောဦးနှင့် ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ)ဦးပန်သုမောင်နှင့် အတူ လင်းမြတ်မင်းကုမ္ပဏီမှ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ က မြေသားလမ်းချဲ့၍ မြေနီကျောက်စရစ်လမ်းခင်း မည့်နေရာအားကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ သည်။

ထိုသို့ ကွင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် (၆)လ ဘတ်ဂျက်တွင် လင်းမြတ်မင်းကုမ္မဏီမှ တာဝန်ယူဆောင်ရွက်မည့် စည်တိုင်းကျေးရွာအုပ်စု၊ မကြီးကုန်း လေးကျေးရွာ မှကပစ(၁၃)လမ်း သို့ဆက်သွယ်မည့် မြေသားလမ်း ၁/၂မိုင်အား မြေသားလမ်းချဲ့၍ မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် လမ်းစတင် ဆောင်ရွက် နိုင်ရန် လမ်းနယ်ရရှိရေးအတွက် မကြီးကုန်းလေးကျေးရွာလမ်း ကော်မတီအဖွဲ့များ၊ လမ်းဘေးဝဲ/ယာ တောင်သူများနှင့်ညှိနှိုင်းခဲ့ပြီး မကြီးကုန်းလေးကျေးရွာ ရေတိုက်စား၍ ချောင်းကမ်းပါးပြိုကျ နေမှုအခြေအနေနှင့် ကိုယ့်အားကိုယ်ကိုး ရေကန်ဆောက်လုပ်ပြီး အိမ်တိုင်ရာရောက်ရေ ပေးဝေနေမှု အခြေအနေများအား  ကွင်းဆင်းကြည့်ရှု  ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

နိုင်လင်း