မင်းဘူး ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စကုမြို့ အမှတ်(၁)နယ်မြေ၊ ရွှေပေါက်ကံရပ်ကွက်မှ မီးဘေးသင့် အိမ်ထောင်စုဝင် မိသားစုများအား ဆန်ရိက္ခာဖိုးငွေနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ သိရသည်။
ထိုသို့ပေးအပ်ရာတွင် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့် အိမ်ခြေတစ်လုံး၊ အိမ်ထောင်စု တစ်စု၏ လူဦးရေ ၆ ဦးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုး ကျပ် ၁၀၀,၀၀၀၊ ဆန်ရိက္ခာဖိုး ၁၂,၆၀၀ ကျပ်၊ ရန်ပုံငွေ စုစုပေါင်း ၁၁၂,၆၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုး အိမ်ထောင်စု(၁)စုစာအား မီးဘေးသင့် မိသားစုများထံ ဇန်နဝါရီ ၆ ရက် ညနေ ၃ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)