မင်းလှ ဇန်နဝါရီ ၇
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်လုံးဆိုင်ရာ သံဃာ့ဆေးပဒေသာပင်အဖွဲ့ (၂၇)နှစ်မြောက် ပထမ (၆)လပတ် အစည်းအဝေးကို ယမန်နေ့က အမှတ်(၁)ရပ်ကွက်၊ မဟာစည်သာ သနာ့ရိပ်သာကျောင်းတိုက်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့နယ် ဦးဆောင်ဆရာတော်များ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ နှစ်စဉ်အလှူခံမြဲဖြစ်သော မြို့လယ်ဓမ္မာရုံတွင် ၁၃၈၃ ခု၊ ပြာသိုလဆန်း ၈ ရက် (၉-၁-၂၀၂၂)တနင်္ဂနွေမှစတင်၍ (၇)ရက်တိုင် အလှူခံဌာနဖွင့်လှစ်ပြီး (၁၅-၁-၂၀၂၂)ရက်နေ့တွင် အလှူခံဌာနရပ်နားမည်ဖြစ်ကြောင်း၊ နည်းများမဆို လာရောက်လှူဒါန်းနိုင်ပြီး (၅၀၀၀)ကျပ်အထက် လှုဒါန်းသူများကိုအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်း ပြန်လည် ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။
မင်းလှမြို့ မဟာစည်သာသနာ့ရိပ် သာဆရာတော်ဘုရားကြီး စတင်တည်ထောင်ထားသော ဆေးပဒေ သာပင်သည် ရဟန်း၊သာမဏေ သီလရှင်များ မကျန်းမာသည့်အခါ ထောက်ပံ့လှုဒါန်းသော အဖွဲ့ဖြစ်၍ သာသနာ့အတွက်များစွာ အထောက်အပံ့ဖြစ်ခဲ့၍ အစပိုင်း ကာလတွင် ထောက်ပံ့ငွေ (၃၀၀)ကျပ်မှစခဲ့ပြီး ယခု(၃)သိန်းကျပ်ထိ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ ရောဂါအခြေအနေပေါ် မူတည်ပြီး (၁)သိန်းကျပ်မှ (၃) သိန်းကျပ်အထိထောက်ပံ့လှူဒါန်းခဲ့သည်။
မင်းလှမြို့နယ် သံဃာ့ဆေးပဒေသာပင်အဖွဲ့ဆရာတော်များ၏ သာသနာအပေါ်ထားတဲ့ မွန်မြတ်သော စိတ်ဓာတ်၊ အလှူရှင် စေတနာရှင် တို့၏ ထက်သန်သော စေတနာသဒ္ဓါတို့ကြောင့် သံဃာ့ဆေးပဒေသာပင် အဖွဲ့သည် (၂၇)နှစ်တိုင် တည်တံ့ခိုင်မာစွာ ရပ်တည်နိုင်ပြီး တိုးတက်လျက်ရှိရာ ယခုအခါ အဖွဲ့ပိုင်ငွေမှာ သိန်း(၅၇၀)ကျော်ထိ တိုးတက်လျက်ရှိကြောင်း သိရသည်။
ပေါက်စ မင်းလှ