နတ်တလင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား(ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

နတ်တလင်း ဇန်နဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် ကြီးကြပ်မှုဖြင့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ကသကျမဟာမြတ်မုနိဘုရားကြီး ဓမ္မာရုံတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံသူများသည် မြို့မရပ်ကွက်နှင့်ဇီးကုန်းလေးရပ်ကွက်ရှိ ပြည်သူများဖြစ်ပြီး (၇-၁၂-၂၀၂၁)ရက်နေ့တွင် ပထမအကြိမ်ထိုးနှံပေးခဲ့ပြီး ယခုဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးရာတွင် ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး ကောင်းမွန်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) အမျိုးအစားအား ကျန်းမာရေးဝန်ထမ်းများ စနစ်တကျထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများကိုလည်း ဆက်လက်ထိုးနှံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

နတ်တလင်း၊ ပြန်/ဆက်