ကျိုက်ဒုံမြို့၌ တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစု အပိုဝင်ငွေ ရရှိ

ကျိုက်ဒုံ  ဇန်နဝါရီ  ၇

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့သည် ကွမ်းသီးပင်များ စိုက်ပျိုးရာတွင် အောင်မြင် ဖြစ်ထွန်းပြီး ဒေသနေပြည်သူများသည် ကွမ်းသီးလုပ်ငန်းများ တစ်ပိုင်တစ်နိုင် လုပ်ကိုင်လျက်ရှိ ကြောင်း သိရသည်။

ကျိုက်ဒုံမြို့၌ တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ငန်း လုပ်ကိုင်နေသူများသည် ပြီးခဲ့သည့် ဒီဇင်ဘာလ အတွင်း၌ ကွမ်းသီးများစျေးနှုန်း အနည်းငယ် ကျဆင်းမှုကြောင့် ဝင်ငွေနည်းပါးခဲ့သော်လည်း ယခု ဇန်နဝါရီလအတွင်း၌ ကွမ်းသီးအစိမ်းအလုံးတစ်ရာလျင် ငွေ(၂၃၀၀)ကျပ်၊ကွမ်းသီးအသန့် တစ်ပိ ဿာလျှင် ငွေ(၅၇၀၀)ကျပ်၊ကွမ်းသီးအညိုသီး တစ်ပိဿာလျှင် ငွေ(၅၀၀၀)ကျပ်၊ ကွမ်းသီးအပုတ် တစ်ပိဿာလျှင်ငွေ(၂၀၀၀)ကျပ်အထိ စျေးကောင်းများ ပြန်လည်ရရှိခဲ့သဖြင့် တစ်ပိုင်တစ်နိုင် ကွမ်းသီးလုပ်ကိုင်နေသူများ မိသားစု အပိုဝင်ငွေ ရရှိလျက်ရှိသည်။

အဆိုပါ ကွမ်းသီးများကို ကြာအင်းဆိပ်ကြီး၊ မုဒုံ၊ မော်လမြိုင်၊ ကော့ကရိတ်မြို့အထိ တင်ပို့ရောင်းချ လျက်ရှိကြောင်း သိရသည်။

သန်းထွန်းနိုင်