ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဒေးဒရဲ  ဇန်နဝါရီ   ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး​ရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် အသိပညာ ဗဟုသုတများစွာရရှိမည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေးခဲ့ပြီး  တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ်လဲလှယ် ငှားရမ်း ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အေဇာလင်း(ပြန်/ဆက်)