ရှမ်းရွာသစ် ဇန်နဝါရီ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူနေမှုဘဝမြှင့်တင်စေရန်နှင့် လျှပ်စစ်မီးလင်း စေရန်ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ် အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ဓာတ်တိုင် တိုးချဲ့တည် ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ (၁၅၅.၈၉၉) သန်းဖြင့် မြို့တွင်းအရှည် (၁၂၀၀)ပေရှိ ABC Conductor Wire ဖြင့် ၄၀၀ဗို့အားလိုင်း ဓာတ်တိုင်တိုးချဲ့တည် ဆောက်ခြင်းလုပ်ငန်းကို TAB Engineering Trading ကုမ္ပဏီမှ တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် တာဝန်ရှိသူများတို့က အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းများရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပါက ဒေသနေပြည်သူများ ယခင်ကထက် လူနေမှုဘဝ မြှင့်တင်ပြီး ဒေသဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)